Morning Prayer
ခရူစူးအမှတ်
ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမတော်မြတ်၌ အာမင်။
ကရူစူးအမှတ်
ကိုးကွယ်ခြင်းမေတ္တာ
အထူးသဖြင့် မြင့်မြတ်တော်မူ လှသော ခမည်းတော်၊ သား တော်၊ သန့်ရှင်းသောဝိညာဉ် တော်၊ ပုဂ္ဂိုလ်သုံးပါးတစ်ဆူ ဘုရားကို ဤနေရာ၌ အမှန်ရှိ တော်မူကြောင်းကို ကျွန်ုပ် ယုံကြည်ခြင်းရှိပါ၏။ စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ကို ချစ်မြတ်နိုး၍ ရိုသေစွာ ဦးချ ရှိခိုးပါသည်။ ကျွန်ုပ်ကိုဖန်ဆင်း၍ ဟုတ်မှန်သော တရားအလင်းသို့ပို့ဆောင်ခြင်း၊ ဤည၌ ကိုယ်လက်မကွာ ထားတော် မူခြင်း ကျေးဇူးတို့ကို အဘယ် သို့ ဆပ်တင် နိုင်ပါမည်နည်း။ ဤနေ့တွင် ကျင့်ကြံလုပ်ဆောင် သမျှကို ကိုယ်တော်အား ပူဇော်ပါသည်။ အပြစ်ဒုစရိုက်မှ လွတ်ကင်းစေတော်မူပါမည့်အကြောင်းနှင့် ဘေးရန်အပေါင်း မှ ကာကွယ်စောင့်ရှောက် တော်မူပါမည့်အကြောင်းကို ကျွန်ုပ်သည် ညွတ်တွားစွာ အသနားတော်မြတ်ခံ ပါသည်ဘုရား။
နေ့စဉ် နံနက်ပူဇော်ခြင်းမေတ္တာ
အိုသခင်ယေဇူး ရွှေနှလုံး တော်၊ ဤနေ့၌ ကျွန်ုပ်လုပ် အံ့သမျှ၊ ကြံအံ့သမျှ ခံရအံ့သမျှသော ဒုက္ခများနှင့် ပို့အံ့သမျှသော ဆုတောင်းမေတ္တာများကို ရွှေစိတ်အကြံတော်နှင့်၊ တစ်လုံးတစ်ဝတည်း ထားပြီးလျှင် သန့်ရှင်းစင်ကြယ်သော မယ်တော်၏ နှလုံးတော်ကို အမှီပြုလျက်၊ ကိုယ်တော်အား တင်ပူ ဇော်ပါသည်။ အာမင်။
သခင်ယေဇူးစီရင်ထားတော်မူသောမေတ္တာ
ကောင်းကင်ဘုံ၌ ကျိန်းဝပ်တော်မူသော ကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော် ကိုယ်တော်၏ နိုင်ငံတော်သည် ရောက်ပါစေသော်၊ ကောင်းကင်ဘုံ၌ ဖြစ်သကဲ့ သို့ မြေကြီးပေါ်၌လည်း ကိုယ်တော်၏ အလိုတော်သည် ပြည့်စုံပါစေသော်၊ နေ့စဉ်မပြတ် အလိုရှိအပ်သော အရာအစားတို့ကို ကျွန်ုပ်တို့အား ယနေ့၌ပင် ပေးသနားတော်မူပါ။ ကျွန်ုပ်တို့ကို ထိခိုက်ကျူးလွန် သောသူတို့အား ကျွန်ုပ်တို့ ခွင့်လွှတ်သကဲ့သို့ ကျွန်ုပ်တို့၏ အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ။ နှောင့်ယှက်ခြင်းအမှုတို့၌ ကျွန်ုပ်တို့ကို ပါဝင်ခြင်းမရှိစေဘဲလျက်၊ မကောင်းမှုဟူသမျှနှင့် ကင်းလွတ်စေတော်မူပါ။ အာမင်။
သိကြားတမန်တော်က မာရီယားအားနှုတ်ဆက်ခြင်းမေတ္တာ
ဂုဏ်ကျေးဇူးတော်နှင့် ပြည့်စုံတော်မူသော မာရီယာသခင်မအား မင်္ဂလာရှိစေသတည်း။ ဘုရားသခင်သည် သခင်မ၌ ကျိန်းဝပ်တော်မူ၍ မိန်းမတကာတို့တွင် သခင်မသည် မွန်မြတ်တော်မူသည်။ သခင်မ၏ ဝမ်းတော်၌ ပဋိသန္ဓေ ယူတော်မူသော ယေဇူးသည်လည်း မွန်မြတ်တော်မူသည်။ မြတ်စွာ ဘုရား၏ မယ်တော်၊ သန့်ရှင်းသော မာရီယာ ယခုမှစ၍ သေခါနီးတွင် အပြစ်ရှိသူ ကျွန်ုပ်တို့အဖို့ငှါ ဆုတောင်းပေးတော်မူပါ။ အာမင်။
တပည့်တော်ကြီးတို့ စီရင်ရေးထားကြသော ယုံကြည်ခြင်းအချုပ်
အားလုံးစုံကို တတ်နိုင်တော်မူ ထသော၊ မိုးမြေတို့ကို ဖန်ဆင်းတော်မူထသော ခမည်းတော် ဘုရားကို ယုံကြည်လေးမြတ်ခြင်းရှိပါ၏။ ခမည်းတော်၏ တစ်ပါးတည်းသောသားတော်၊ ယေဇူးခရစ္စတူး ကျွန်ုပ်တို့ သခင်သည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ ယူတော်မူ၍ ကညာမာရီယားမှ ဖွားမြင်တော်မူသည်။ ပုံစီဦးပီလာတူးမင်းလက်ထက် ဒုက္ခစရိယာကျင့်ခံတော်မူ၍ တံကျင်၌သတ်ထားသဖြင့် အသက်တော်ထွက်၍ အလောင်းတော်ကို သင်္ဂြိုလ်သည်။ အောက်နိမ့်ရာအရပ်သို့ဆင်း ကြွတော်မူ၍၊ တတိယနေ့တွင် သေသူတို့အစုမှ ရှင်ပြန်ထမြောက်တော်မူသည်။ ကောင်းကင်ဘုံသို့တက်တော်မူ၍ အားလုံးစုံကို တတ်နိုင်တော်မူသော ခမည်းတော်ဘုရား၏ လက်ယာဘက်မှာ ထိုင်၍နေတော်မူသည်။ ထိုမှ ရှင်သူသေသူတို့ကို စီရင်စစ် ကြောတော်မူရန် ကြွလာတော် မူလိမ့်မည်။ ဤအကြောင်းအချက်တို့ကို ယုံကြည်လေးမြတ်ခြင်းရှိပါ၏။ သန့်ရှင်းသောဝိညာဉ်တော် မြတ်ဘုရားကိုလည်းကောင်း၊ သန့်ရှင်းသော ကာသိုလိပ် အသင်းတော်ကို လည်းကောင်း သူတော်သူမြတ်အပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်၍ အချင်းချင်း အကျိုးကုသိုလ်တို့ကို ခံစားရကြောင်း၊ အပြစ်ဟူသမျှကိုလွှတ်ကြောင်း၊ ကိုယ်ခန္ဓာရှင်ပြန်ထမြောက်မည့်အကြောင်း၊ အစဉ်ထာဝရ အသက်ရှင်မည့်အကြောင်း တို့ကိုလည်း ယုံကြည် လေးမြတ်ခြင်းရှိပါ၏။ အာမင်
ယုံကြည်ခြင်းမေတ္တာ
မှားယွင်းခြင်းနှင့်ကင်း၍ သစ္စာသမာဓိနှင့် ပြည့်စုံတော်မူသော အိုမြတ်စွာဘုရားသခင်၊ ကိုယ်တော်၏ ဗျာဒိတ်တော်နှင့်အညီ သန့်ရှင်းသော ကာသိုလိပ်အသင်းတော်၏ သွန်သင်သမျှကို တည်မြဲစွာ ကျွန်ုပ် ယုံကြည်ခြင်း ရှိပါသည်။
မျှော်လင့်ခြင်းမေတ္တာ
အားလုံးစုံကို တတ်နိုင်တော်မူသော၊ အနန္တ္တကရုဏာသနားခြင်းနှင့် ပြည့်စုံတော်မူသော ထားတော် မူရာကတိတော်၌လည်း အမြဲတည်တော်မူသော အိုမြတ်စွာဘုရားသခင်၊ ယေဇူးခရစ္စတူး သခင်၏ ကုသိုလ်တော် အကျိုးဆက်ကိုထောက်၍ ကျူးလွန်မိသောအပြစ်တို့၏ အခွင့်ချမ်းသာကိုလည်းကောင်း၊ ယခုဘဝ၌ ကိုယ်တော်၏ ကျေးဇူးတော်ကိုလည်းကောင်း၊ ကိုယ်တော်၏ ပညတ်တော်တို့ကို စောင့်ထိန်းပါမူ နောင်ဘဝ၌ ထာဝရချမ်းသာကို ရပါမည့်အကြောင်း ကျွန်ုပ်တောင့်တမျှော်လင့်ခြင်း ရှိပါသည်။
ချစ်လေးမြတ်ခြင်းမေတ္တာ
အိုမြတ်စွာဘုရားသခင် ကိုယ်တော်သည် အတိုင်းမသိကောင်းမြတ်တော်မူ၍ ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူသောကြောင့် နှလုံးအကြွင်းမဲ့ ကိုယ်တော်ကို အရာခပ်သိမ်းတို့ထက် ချစ်ခင်မြတ်နိုးခြင်းရှိပါသည်။ သူတစ်ပါးကိုလည်း ကိုယ်တော်၏ ရွှေမျက်နှာကို ထောက်၍ ကိုယ်ရှင်ကဲ့သို့ ချစ်ခင်မြတ်နိုးခြင်းရှိပါသည်။
မြတ်စွာဘုရားရှင်၏ ပညတ်တော်သည် (၁၀)ပါးတည်း။
၁။ ဘုရားတစ်ဆူအပြင်မည်သည့် အရာသတ္တ၀ါကိုမျှ ဘုရားအမှတ် နှင့် ကိုးကွယ်ခြင်းကို မပြုလင့်။
၂။ ဘုရားရှင်၏ နာမတော်မြတ်ကို မရိုမသေ သုံးဆောင်ခြင်းကို မပြုလင့်။
၃။ ဘုရားရှင်၏ သီတင်းပွဲ နေ့တို့ကို စောင့်လော့။
၎။ မိဘတို့အား ရိုသေခြင်းကို ပြုလော့။
၅။ လူ၏အသက်ကို သတ်ပုတ်ခြင်း မပြုလင့်။
၆။ ကာမဂုဏ်အမှု၌ ကျူးလွန်ခြင်းကို မပြုလင့်။
၇။ သူ၏ပစ္စည်းဥစ္စာကို ခိုးယူခြင်း မပြုလင့်။
၈။ မုသားသက်သေခံခြင်းကို မပြုလင့်။
၉။ သူ၏သားမယားကို တပ်မက်ခြင်း မရှိစေလင့်။
၁၀။ သူ၏ ပစ္စည်းဥစ္စာကို လိုချင်သော လောဘစိတ်မရှိစေလင့်။
အသင်းတော်၏ ကျင့်ဝတ်တော်သည် (၆) ပါးတည်း
၁။ တနင်္ဂနွေနေ့နှင့် ဘာသာ ဝတ္တရားပွဲနေ့တို့၌ မစ္ဆားတရား တော်မြတ်ကို နာယူကုန်လော့။
၂။ တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် အာပတ်ဖြေကုန်လော့။
၃။ ပါစကားပွဲကာလ၌ ကိုယ်တော်မြတ်ကို ပင့်ယူကုန်လော့။
၎။ ဝါရှောင်ခြင်းနှင့် အသားရှောင်ခြင်းပြုရမည့်နေ့တို့ကို စောင့်လော့။
၅။ ရဟန်းသံဃာတော်တို့အား ထောက်ပံ့ကူညီခြင်းကို ပြုလော့။
၆။ လက်ထပ်ထိမ်းမြားခြင်းပွဲများ မပြုအပ်သည့်အချိန် ကာလနေ့တို့၌ လက်ထပ်ထိမ်းမြားခြင်းကို ရှောင်ကြဉ်လော့။
သူတော်စင်ဘောင်သို့ ခေါ်တော်မူခြင်းရရှိရန် ဆုတောင်းမေတ္တာ
လက်ဝါးကပ်တိုင်ပေါ်တွင် ကျွန်ုပ်တို့အတွက် အသေခံတော်မူသည်တိုင်အောင် အထူး ချစ်ခင်မြတ်နိုး တော်မူပေသော အိုယေဇူး၏ ရွှေနှလုံးတော်၊ ကျွန်ုပ်တို့၏ သာသနာကို စောင်မသနားတော်မူပါ။ လူခပ်သိမ်းတို့သည်လည်း တစ်နေ့သ၌ကောင်းကင်ဘုံသို့မုချ ရောက်နိုင်ကြရန် ကိုယ်တော်၏ တရားတော်မြတ်ကို ဟောပြောသွန်သင်ကြလျက်၊ ကိုယ်တော်၏လမ်းတော်ကို ညွှန့်ပြကြလတံ္တ့သော ရဟန်းတော်များ၊ ကိုရင်ကြီးများ၊ သီလရှင်များနှင့် တရားဟော ဆရာများကို ကျွန်ုပ်တို့အထဲမှ ရွေးကောက်တော်မူပါ။ အာမင်။
အိုသခင်ယေဇူး၏ ရွှေနှလုံးတော်..
ကျွန်ုပ်တို့သနားတော်မူပါ။ (၃)
ကိုယ်စောင့်သိကြားအား ပြုအပ်သည့် မေတ္တာ
ဘုရားရှင်က အမိန့်ရှိတော်၍ ကျွန်ုပ်ကို စောင့်သော သိကြား၊ ကျွန်ုပ်အား နေ့ညမပြတ်၊ ဆုံးမသွန်သင် ကြည့်ရှု စောင်မတော်မူပါ။ အာမင်။